လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သင်တန်းလျှောက်လို့ရပါပြီ

February 15, 2024
  • လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ဒီမိုကရေစီစနစ်၏ အခြေခံအကျဆုံးဖြစ်ကြောင်းကို သိရှိရန်။ 
  • သင်တန်းတက်ရောက်ပြီးသူတိုင်းသည် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့် အခြေခံ သဘောတရားများကို ကိုယ်တိုင်လိုက်နာကျင့်သုံးကာ တဆင့်ပြန်လည်အသိပညာပေး မျှဝေနိုင်ရန်။
  • အနာဂတ်နိုင်ငံတော်၏  ဥပဒေပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်များတွင် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကို အကာအကွယ်ပြုပေးနိုင်သည့် ဥပဒေများပေါ်ပေါက်ရန်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်နေသည့် ဥပဒေများကို သိရှိထားကာ ထောက်ပြပြောဆိုနိုင်ရန် ရည်ရွယ်သည်။ 
  • ထိုမှတဆင့် တော်လှန်ရေး အလွန်ကာလတွင်  လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို နားလည်၊ လိုက်နာ၊ ကျင့်သုံးသော လူ့အဖွဲ့အစည်းအဖြစ် ဆက်လက် သယ်ဆောင်ရန် ယခုအချိန်ကတည်းက အဆင့်ဆင့် ပြင်ဆင်ထားနိုင်ရန် မျှော်မှန်းသည်။
  • လူငယ်တက်ကြွလှုပ်ရှားသူများ
  • အရပ်ဘက်လူ့အဖွဲ့အစည်းများ (CSOs)
  • အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူများ (Civil-Disobedience Movement) 
  • နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ

သင်တန်လျှောက်မည့်သူများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အထူးစိတ်ပါဝင်စား၍ တက်ရောက်မည့်သူများ ဖြစ်ရမည်။ အသံအဖွဲ့မှ သင်တန်းတက်ရောက်ပြီးစီးသူများကို တဆင့်ပြန်လည် အသိပညာပေးမျှဝေနိုင်ရန်နှင့် စည်းရုံးလှုံဆော်မှု စသည့် လှုပ်ရှားမှုများ ဖော်ဆောင်သွားနိုင်ရန် ကူညီထောက်ပံ့ပေးသွားမည်။

၁) လူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ရန်။

၂)  ပြောနိုင်ဆိုနိုင်၊ ပြောရဲဆိုရဲဖြစ်လာနိုင်ရန် အကျိုးဆောင်ပေးနိုင်ရန်။

၃) စဥ်းစားနိုင်ရန်၊ ပြောဆိုနိုင်ရန်၊ တွေးခေါ်နိုင်ရန် အတွက် မျိုးစေ့ချပေးနိုင်ရန်။

၁) နိုင်ငံရေးလှုပ်ရှားမှုနယ်ပယ်တွင် လူ့ရပိုင်ခွင့်ကို သိရှိပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လိုက်နာကာ အပြုသဘောဆောင်သော ဝေဖန်မှုများ နားလည်သဘောပေါက်ပြီး အများပြည်သူ၏ ဝေဖန်သုံးသပ်ချက်များ ကိုလည်း နားထောင်နိုင်ရန်။

၂) နိုင်ငံရေးဦးဆောင်သူများနှင့် တော်လှန်ရေးဦးဆောင်အဖွဲ့ များကို နိုင်ငံရေးနည်းကျ ဝေဖန်သုံးသပ်နိုင်ရန်။၃) CDM အစုအဝင်များသည် အနာဂတ်နိုင်ငံတော်သစ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေခံသဘောတရားများကို နားလည်သဘောပေါက်၍ ကျင်သုံးနိုင်ရန်။

သင်တန်းကို အွန်လိုင်း (ZOOM) မှတဆင့်တက်ရောက်ရမည်ဖြစ်ပြီး အချိန် စုစုပေါင်း ၁၀ နာရီသာ လိုအပ်သည်။ တရက်လျှင် ပျမ်းမျှ (၂)နာရီခွဲ၊ (၄)ရက် တက်ရောက်ရမည်။

သင်တန်းတခုတွင် အများဆုံး လူဦးရေ (၂၅) ဦး အထိသာ လက်ခံသွားမည်။ သင်တန်းလျှောက်လွှာကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ်အထိ ဖွင့်ထားမည်ဖြစ်ပြီး မိမိအချိန်ပေးတက်ရောက်လိုသော ကာလကို သင်တန်းလျှောက်လွှာ (Google Application Form) တွင် အချိန်စာရင်းကြည့်၍ စာရင်းပေး လျှောက်ထားနိုင်ပါသည်။

ဖောင်ဖြည့်ရန် >> https://docs.google.com/forms/d/e/1FAIpQLSdiN0_0iYuyM6k2IE9tc2uiUxc0zH_XlG1N6xDNeoJ9RRe0zw/viewform?usp=share_link