NewsPolitics

တိုက်တွန်းချက်

၃၀ရက်၊ အောက်တိုဘာလ၊ ၂၀၁၉ခုနှစ်။

၂၀၀၈ ဖွဲ့စည်းပုံတွင် စစ်တပ်၏ အခွင့်ထူးခံဖြစ်မှုကို သံချပ်ဖြင့် ဝေဖန်ခဲ့သည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ”တပ်မတော်သားများ တာဝန်ကိုပေါ့လျော့စွာ တာဝန်ထမ်းဆောင်မှုများ၊တာဝန်ဝတ္တရားများကို မလေးစားမှုများ၊ စစ်ပုန်ကန်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်” ဟူသည့် စွပ်စွဲချက်များတပ်ကာ စစ်တပ်က ပုဒ်မ ၅၀၅(က) ဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ စတင်ကာ တရားစွဲခဲ့သည်။ ယင်းတို့တရားစွဲဆိုမှုများကို ”ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့” လိုက်လံဖျော်ဖြေခဲ့သည့် မြို့နယ်တိုင်းတွင် စစ်တပ်မှ ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ပြီး ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်နေ့၊ နေ့လည် ၁ နာရီတွင် မရမ်းကုန်းမြို့နယ်တရားရုံး၌ အပြီးသတ်အမိန့်ချမှတ်တော့မှာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါ ရုံးချိန်းသို့ တက်ကြွလှုပ်ရှားသူများ၊ ၂၀၀၈ ဖွဲ့စည်းပုံတွင် စစ်တပ်၏ အခွင့်ထူးခံဖြစ်မှုကို တော်လှန်တိုက်ပွဲဝင်နေသူများ နှင့် မတရားမှုကို လက်သင့်မခံသူများ သွားရောက်အားပေးဝန်းရံကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

ဓာတ်ပုံ – အသံအဖွဲ့ (ဗဟန်းတရားရုံးတွင် တွေ့ရသော ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကိုဇေယျာလွင် နှင့် ကိုပိုင်ရဲသူ)

Leave a Reply

Your email address will not be published.

Back to top button